The 100 (Season 1 to 6) Complete

 The 100 (Season 1 to 7) Complete






ALL G-Drive Links

The 100 (Season 1) Complete
The 100 (Season 2) Complete
The 100 (Season 3) Complete
The 100 (Season 4) Complete
The 100 (Season 5) Complete
The 100 (Season 6) Complete
Series Review:

The 100 (2014-2020)
===============
ဒီ Serie ကိုမှတ်မှတ်ရရ လွန်ခဲ့တဲ့ ၃ နှစ်ကလားမသိဘူး ကျွန်တော် Iflix မှာကြည့်ပြီးတော့ သဘောကျသွားခဲ့တာ … Sci-Fi ကိုကြိုက်တဲ့ကျွန်တော့် အတွက်တော့ အဲ့တုန်းကရေငတ်တုန်းရေတွင်းထဲကျဆိုသလိုပဲ ဒီ Serie ကိုစကြည့်ကြည့်ပြီးချင်းပဲ အတော်ကြိုက်သွားတယ် …. ဒါပေမယ့် Season 4 ပြီးတော့ တခြား Season တွေမရှိတော့တာနဲ့ ကိုယ့်ဟာကိုယ် ကြည့်ခဲ့ရတာပေါ့

သူငယ်ချင်းတို့ထဲမှာလည်း ကျွန်တော့်လို SciFi, Adventure ကြိုက်တဲ့သူရှိမယ်လို့ ကျွန်တော်ထင်တယ်။ ဆိုတော့ …. သူငယ်ချင်းတို့ကို ၂၀၁၄ ကထွက်ရှိခဲ့ပြီး အခု Season ၆ ရောက်တဲ့အထိ အောင်မြင်မှုတွေရနေတယ် … လာမယ့် မေလကျရင်လည်း season 7 ထွက်ဦးမယ့် IMDB ရော Rotten Tomato ရောမှာ Rating ကောင်းကောင်းရနေတဲ့ Sci-FI အမျိုးအစား Serie လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်တယ် ။ The 100 ဆိုတဲ့ Series လေးဖြစ်ပါတယ်ဗျ ။

ဖွံဖြိုးတိုးတက်မှုတွေလွန်ကဲပြီး နောက်ဆုံးမှာတော့လူသားတွေအချင်းချင်း နျူတိုက်ပွဲတွေဆင်နွဲရင်းကနေ ကမ္ဘာကြီးဟာရေဒီယိုသတ္တုကြွဓာတ်ရောင်ခြည်တွေသင့်ကာ သက်ရှိတွေသေကြေပျက်စီးကြပြီး နေထိုင်လို့မရတော့လောက်အောင်အထိ ကမ္ဘာပျက်ကိန်းကြီးကြုံခဲ့တယ် ။ အဲ ဒါပေမယ့်လူသားတွေအနေနဲ့ အာကာသထဲထွက်ပြေးဖို့ဆိုတဲ့ အဖြေရှာတွေ့ခဲ့ပြီး ကမ္ဘာကြီးမှာဓာတ်ရောင်ခြည်သင့်မှုတွေ ပျက်ပြယ်သွားတဲ့အခါမှ ပြန်လာကြမယ်ဆိုပြီး နောက်ဆုံးအသက်ရှင်ကျန်ရစ်တဲ့ လူသားတွေဟာ အာကာသစခန်းတွေတည်ဆောက်ပြီး အာကာသထဲလွတ်မြောက်နေထိုင်ခဲ့ကြပါတယ် ။

၉၇ နှစ်အကြာကိုရောက်သွားတဲ့အခါ သူတို့မှီတည်နေထိုင်ရတဲ့ အာသာကစခန်းဆိုတာကလည်း သူတို့ကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ လိုအပ်ချက်တွေရှိလာခဲ့တာပေါ့။ ဆိုတော့ကာ လူတွေရဲ့ အဓိကရှင်သန်မှီဝဲရာဖြစ်တဲ့ အစားအစာ အောက်ဆီဂျင် (အဓိကကတော့ အောက်ဆီဂျင်ပေါ့) သက်တမ်းပိုခံဖို့အရေးမှာ ရာဇဝတ်သားဆိုတဲ့ သက်ရှိတွေက အစတေးခံ စဖြစ်လာကြတော့တာပေါ့ ။ ဖြစ်လာခဲ့ကြတဲ့အတိုင်းပဲ ရာဇဝတ်သား ၁၀၀ ကို အာကာသစခန်းကနေ လူဦးရေလျော့ချဖို့ဖြစ်လာရော … အဲ့ ဒါပေမယ့် သူတို့လျော့ချမယ့် ရာဇဝတ်သား ၁၀၀ က လူငယ်တွေဖြစ်နေတော့ တစ်နည်းတစ်ဖုံစဥ်းစားရင်းနဲ့ ပုံမှန်အတိုင်း အာကာသထဲကိုစွန့်ပစ်မယ့်အစား လူတွေနေထိုင်လို့ မရတော့ဘူးဆိုတဲ့ ကမ္ဘာကြီးကို စွန့်စားမှုအနေနဲ့ ပြန်လွှတ်လိုက်ရင် အကျိုးအမြတ် တစ်စုံတစ်ရာရကောင်းရဲ့ ဆိုပြီး ရာဇဝတ်သား လူငယ် ၁၀၀ ကို ကမ္ဘာကို ပြန်လွှတ်လိုက်တဲ့အခါ ………. ဒီ The 100 ဆိုတဲ့ ဇာတ်လမ်းစရောဗျာ …..

သူတို့ကိုသွားဖို့အခွင့်အရေးပေးခဲ့တာက တကယ်အချိန်တန်လို့လား. တခြားရောဘာအကြောင်းတွေရှိသေးလဲ. အဲဒီဆယ်ကျော်သက်လူငယ် ၁၀၀ ကရောဘယ်လိုလူစားမျိုးတွေလဲ . သူတို့ ကမ္ဘာမြေပေါ်ကိုအောင်အောင်မြင်မြင်ရောက်သွားရဲ့လား. ဒါမှမဟုတ် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်တစားကြည့်ရမယ့် Mystery , Sci-FI အမျိုးအစား Serie လေးပဲဖြစ်ပါတယ် ။

IMDB လဲ 7.7 အထိရရှိထားတာမို့ TV Serie ကြိုက်တဲ့ ပရိသတ်တွေအတွက် ကြည့်ရှုသင့်ပါတယ်လို အကြံပေးလိုက်ပါတယ် ။
( နောက်ပိုင်း Season တွေကိုလည်း အမြန်ဆုံးဆက်လက်တင်ဆက်ပေးသွားပါ့မယ်လို့….. )

Translated by Delita
Review by MgKyaw
Encoded by MgKyaw
Quality – Bluray
Size – 600 MB
IMDB – 7.7
Genres – Drama, Mystery, Sci-Fi 


The 100 (2014-2020)
==================
ဒီ Serie ကိုမွတ္မွတ္ရရ လြန္ခဲ့တဲ့ ၃ ႏွစ္ကလားမသိဘူး ကြၽန္ေတာ္ Iflix မွာၾကည့္ၿပီးေတာ့ သေဘာက်သြားခဲ့တာ … Sci-Fi ကိုႀကိဳက္တဲ့ကြၽန္ေတာ့္ အတြက္ေတာ့ အဲ့တုန္းကေရငတ္တုန္းေရတြင္းထဲက်ဆိုသလိုပဲ ဒီ Serie ကိုစၾကည့္ၾကည့္ၿပီးခ်င္းပဲ အေတာ္ႀကိဳက္သြားတယ္ …. ဒါေပမယ့္ Season 4 ၿပီးေတာ့ တျခား Season ေတြမရွိေတာ့တာနဲ႔ ကိုယ့္ဟာကိုယ္ ၾကည့္ခဲ့ရတာေပါ့

သူငယ္ခ်င္းတို႔ထဲမွာလည္း ကြၽန္ေတာ့္လို SciFi, Adventure ႀကိဳက္တဲ့သူရွိမယ္လို႔ ကြၽန္ေတာ္ထင္တယ္။ ဆိုေတာ့ …. သူငယ္ခ်င္းတို႔ကို ၂၀၁၄ ကထြက္ရွိခဲ့ၿပီး အခု Season ၆ ေရာက္တဲ့အထိ ေအာင္ျမင္မႈေတြရေနတယ္ … လာမယ့္ ေမလက်ရင္လည္း season 7 ထြက္ဦးမယ့္ IMDB ေရာ Rotten Tomato ေရာမွာ Rating ေကာင္းေကာင္းရေနတဲ့ Sci-FI အမ်ိဳးအစား Serie ေလးတစ္ခုနဲ႔မိတ္ဆက္ေပးခ်င္တယ္ ။ The 100 ဆိုတဲ့ Series ေလးျဖစ္ပါတယ္ဗ် ။

ဖြံၿဖိဳးတိုးတက္မႈေတြလြန္ကဲၿပီး ေနာက္ဆုံးမွာေတာ့လူသားေတြအခ်င္းခ်င္း န်ဴတိုက္ပြဲေတြဆင္ႏြဲရင္းကေန ကမာၻႀကီးဟာေရဒီယိုသတၱဳႂကြဓာတ္ေရာင္ျခည္ေတြသင့္ကာ သက္ရွိေတြေသေၾကပ်က္စီးၾကၿပီး ေနထိုင္လို႔မရေတာ့ေလာက္ေအာင္အထိ ကမာၻပ်က္ကိန္းႀကီးႀကဳံခဲ့တယ္ ။ အဲ ဒါေပမယ့္လူသားေတြအေနနဲ႔ အာကာသထဲထြက္ေျပးဖို႔ဆိုတဲ့ အေျဖရွာေတြ႕ခဲ့ၿပီး ကမာၻႀကီးမွာဓာတ္ေရာင္ျခည္သင့္မႈေတြ ပ်က္ျပယ္သြားတဲ့အခါမွ ျပန္လာၾကမယ္ဆိုၿပီး ေနာက္ဆုံးအသက္ရွင္က်န္ရစ္တဲ့ လူသားေတြဟာ အာကာသစခန္းေတြတည္ေဆာက္ၿပီး အာကာသထဲလြတ္ေျမာက္ေနထိုင္ခဲ့ၾကပါတယ္ ။

၉၇ ႏွစ္အၾကာကိုေရာက္သြားတဲ့အခါ သူတို႔မွီတည္ေနထိုင္ရတဲ့ အာသာကစခန္းဆိုတာကလည္း သူတို႔ကိုဆက္လက္ထိန္းသိမ္းထားႏိုင္ဖို႔ လိုအပ္ခ်က္ေတြရွိလာခဲ့တာေပါ့။ ဆိုေတာ့ကာ လူေတြရဲ႕ အဓိကရွင္သန္မွီဝဲရာျဖစ္တဲ့ အစားအစာ ေအာက္ဆီဂ်င္ (အဓိကကေတာ့ ေအာက္ဆီဂ်င္ေပါ့) သက္တမ္းပိုခံဖို႔အေရးမွာ ရာဇဝတ္သားဆိုတဲ့ သက္ရွိေတြက အစေတးခံ စျဖစ္လာၾကေတာ့တာေပါ့ ။ ျဖစ္လာခဲ့ၾကတဲ့အတိုင္းပဲ ရာဇဝတ္သား ၁၀၀ ကို အာကာသစခန္းကေန လူဦးေရေလ်ာ့ခ်ဖို႔ျဖစ္လာေရာ … အဲ့ ဒါေပမယ့္ သူတို႔ေလ်ာ့ခ်မယ့္ ရာဇဝတ္သား ၁၀၀ က လူငယ္ေတြျဖစ္ေနေတာ့ တစ္နည္းတစ္ဖုံစဥ္းစားရင္းနဲ႔ ပုံမွန္အတိုင္း အာကာသထဲကိုစြန႔္ပစ္မယ့္အစား လူေတြေနထိုင္လို႔ မရေတာ့ဘူးဆိုတဲ့ ကမာၻႀကီးကို စြန႔္စားမႈအေနနဲ႔ ျပန္လႊတ္လိုက္ရင္ အက်ိဳးအျမတ္ တစ္စုံတစ္ရာရေကာင္းရဲ႕ ဆိုၿပီး ရာဇဝတ္သား လူငယ္ ၁၀၀ ကို ကမာၻကို ျပန္လႊတ္လိုက္တဲ့အခါ ………. ဒီ The 100 ဆိုတဲ့ ဇာတ္လမ္းစေရာဗ်ာ …..

သူတို႔ကိုသြားဖို႔အခြင့္အေရးေပးခဲ့တာက တကယ္အခ်ိန္တန္လို႔လား. တျခားေရာဘာအေၾကာင္းေတြရွိေသးလဲ. အဲဒီဆယ္ေက်ာ္သက္လူငယ္ ၁၀၀ ကေရာဘယ္လိုလူစားမ်ိဳးေတြလဲ . သူတို႔ ကမာၻေျမေပၚကိုေအာင္ေအာင္ျမင္ျမင္ေရာက္သြားရဲ႕လား. ဒါမွမဟုတ္ ဘာေတြဆက္ျဖစ္ၾကမလဲဆိုတာ စိတ္ဝင္တစားၾကည့္ရမယ့္ Mystery , Sci-FI အမ်ိဳးအစား Serie ေလးပဲျဖစ္ပါတယ္ ။

IMDB လဲ 7.7 အထိရရွိထားတာမို႔ TV Serie ႀကိဳက္တဲ့ ပရိသတ္ေတြအတြက္ ၾကည့္ရႈသင့္ပါတယ္လို အႀကံေပးလိုက္ပါတယ္ ။
( ေနာက္ပိုင္း Season ေတြကိုလည္း အျမန္ဆုံးဆက္လက္တင္ဆက္ေပးသြားပါ့မယ္လို႔….. )

Translated by Delita
Review by MgKyaw
Encoded by MgKyaw
Quality – Bluray
Size – 600 MB
IMDB – 7.7
Genres – Drama, Mystery, Sci-Fi 

Post a Comment